Loading ...
Sorry, an error occurred while loading the content.
 

[ ချင်းက ဘယ်တုန်းကမှ ဗမာတွေရဲ့ လက်အောက်မှာ မနေဖူးဘူး၊ ]

Expand Messages
  • kam no
    Chinte MPte in hibangin gen giapgiap ngam uh hi. Zomite MPte in zong hibang mahin hangsantakin MEITEI leh BENGLEI vai hong gen ngam le uh ikhangnote asih
    Message 1 of 2 , Feb 11, 2013
       

      Chinte MPte in hibangin gen giapgiap ngam uh hi. Zomite MPte in zong hibang mahin
      hangsantakin MEITEI leh BENGLEI vai hong gen ngam le uh ikhangnote asih mangma hoih mahmah ding hi.  Mite mipi tanga ading PALAIte hibang hi ei guai, thupisa ing. 

      2013/2/8 Kam Kyin lian <centenary04@...>

      ဦးခွန်လိန်း  -  တင်စားပြောမယ် ဆိုရင် ချင်းပြည်နယ်ဟာ  လက်တဖ၀ါးစာတောင် မြေပြန့်မရှိတဲ့ဒေသ ဖြစ်တယ်၊ နေရာတိုင်းမှာ ချွန်ထက်နေတဲ့ တောင်တွေ၊ တောင်ကမ်းပါးတွေနဲ့ပဲ။ ရှိတဲ့မြစ်ချောင်းတွေမှာလည်း လွင်ပြင် မရှိဘူး၊ လယ်ထွန်ဖို့နေရာ မရှိဘူး။ တချို့နေရာမှာ တောင်ယာစပါး စိုက်လို့ရတဲ့နေရာ ရှိတယ်၊ ရွှေ့ပြောင်းတောင်ယာစပါး စိုက်ကြတယ်၊ တချို့နေရာမှာတော့ မရှိဘူး။ တနေရာတည်းမှာပဲ အနည်းဆုံး ၇ နှစ်လောက် လုပ်ရတယ်။ ပြောင်းဖူးစိုက်လိုက်၊ နောက်တနှစ်မှာ ဆပ်စိုက်လိုက်၊ နောက်တနှစ်မှာ  ပဲစိုက်လိုက် အဲဒီလို စိုက်လာကြတယ်၊ ယနေ့ထိတိုင်အောင်ပဲ။

       အစိုးရက တကယ်တမ်း ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် မလုပ်နိုင်စရာအကြောင်း မရှိဘူးလို့ ကျနော် မြင်တယ်။ ၁၉၆၂ က စပြီးတော့ ဆိုရှယ်လစ်ခေတ် တလျှောက်လုံး၊ နောက်ပြီးတော့ န၀တ/နယကခေတ် တလျှောက်လုံး ဘာတွေ ဖြစ်ပျက်ခဲ့သလဲ၊ စီမံကိန်းတွေ အားလုံး top down ဖြစ်တယ်၊ အပေါ်ကနေလုပ်၊ အောက်ကနေ အကောင်အထည်ဖော်။

      ဒီလိုပုံစံမျိုးဖြစ်တဲ့အခါမှာ အောက်မှာရှိတဲ့ အဖွဲ့အစည်း၊ နယ်မြေနဲ့ မကိုက်ညီတဲ့ စီမံကိန်းတွေ အများကြီး ကျလာတယ်။ ပထမ - ချင်းပြည်နယ် ကော်ဖီစိုက်ရမယ်၊ စိုက်လို့ မရဘူး၊ မအောင်မြင်ဘူး၊ နောက် ... ချင်းပြည်နယ်က လက်ဘက်ပြည်နယ်ဖြစ်ရမယ် ဆိုပြီး နယကခေတ်က လုပ်ခဲ့တယ်၊ အဲဒါတွေအားလုံး ချင်းပြည်နယ်မှာ သွားလုပ်လို့ မရဘူး၊  တကယ်တမ်းစိုက်မယ် ဆိုရင် လက်ဘက်က ချင်းပြည်နယ်မှာ ဖြစ်နိုင်တယ်၊ သို့သော်လည်း စိုက်ဖို့နေရာ၊ မြေ မရှိဘူး၊ တောင်ခပန်းတွေ၊ ချောက်ကမ်းပါးတွေပဲ များနေတယ်။

      ဧရာဝတီ -  ဒါဆို အစိုးရက ဘာလုပ်နိုင်မလဲ။
      ဦးခွန်လိန်း  -  နယက ခေတ်က လက်ဘက်ပင် ရှိရမယ် ဆိုတဲ့ စီမံချက် ရှိတယ်၊ လုပ်ကြတယ်၊ မျိုးတွေ ဘာတွေ ကိုယ့်ဟာကိုယ် ၀ယ်ရတယ် စသဖြင့် အမျိုးမျိုး လုပ်တယ်၊ ဒေသခံတွေက အထက်လူကြီးတွေရဲ့ အမိန့်ကို မဆန့်ကျင်ချင်တဲ့အတွက် လုပ်တာပဲ ရှိတယ်၊ တကယ်တမ်းအောင်မြင်ဖို့ ဘယ်သူမှ မလုပ်ဘူး၊ မအောင်မြင်နိုင်ဘူးဆိုတာ သူတို့သိလို့ မလုပ်ဘူး။

      ဧရာဝတီ -  အောင်မြင်နိုင်မယ့်နည်းလမ်း မရှိဘူးလား။
      ဦးခွန်လိန်း  -  အောင်မြင်နိုင်ဖို့ အတော်ခက်တယ်။

      ဧရာဝတီ -  ဒါဆို အစိုးရက ဘာလုပ်ပေးနိုင်မလဲ။
      ဦးခွန်လိန်း  -  နံပတ်တစ်အနေနဲ့ အစိုးရ လုပ်ပေးရမှာက ထွက်ကုန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လမ်းကောင်းအောင် လုပ်ရမယ်။ မြို့နယ်တိုင်း ရွာတိုင်း ချိတ်ဆက်တဲ့လမ်း ကောင်းအောင်ကို လုပ်ပေးရမယ်။ ကမ္ဘာကိုကြည့်မယ် ဆိုရင် လမ်းက အဓိက နံပတ်တစ်။  ၁၉၅၀ ကနေ ဖောက်တဲ့လမ်းဟာ ကလေး(မြို့)ကနေပြီးတော့ ဖလမ်း၊ ဟားခါးပေါ့၊ အဲဒီလမ်းသည် ယနေ့ထက်တိုင်အောင် ကတ္တရာလမ်း မဖြစ်သေးဘူး၊ နှစ်လမ်းသွားတောင် မဖြစ်သေးဘူး၊ တလမ်းပဲ၊ ဆယ်ပေ အကျယ်ရှိတဲ့ လမ်းတလမ်းပဲ ရှိသေးတယ်၊ ဘာကြောင့် အနှစ် ၆၀ မှာ ဒီလိုပဲ ဖြစ်နေသေးတာလဲ၊ ဘာကြောင့်လဲ ဆိုပြီး မေးစရာရှိတယ်၊ ဒါက ဗဟိုအစိုးရအနေနဲ့ ချင်းတောင်ကို လျစ်လျူရှုထားတဲ့သဘောမျိုး သက်ရောက်တယ်လို့ ကျနော်တို့ချင်းတိုင်းရင်းသားတွေက မြင်တယ်၊ အဲဒီလိုပဲ ခံယူတယ်။

      ဦးနေ၀င်းလက်ထက်မှာ ဘာပြောလဲ၊ ချင်းတောင်က ဘာမှ မထွက်ဘူး၊ စစ်သားပဲထွက်တယ် တဲ့၊ ဟုတ်တယ်လေ၊ စစ်သားထွက်တယ်၊ ဗမာပြည်ကြီးကို လွတ်လပ်ရေး မဆုံးရှုံးသွားအောင် ကာကွယ်ပေးတာ ချင်းတွေပဲ။ ဒါကိုတောင် ကျေးဇူး မသိတတ်ဘဲနဲ့ ချင်းလူမျိုးတွေကို နှိမ်တဲ့အနေနဲ့ ချင်းပြည်နယ်ကနေ စစ်သားပဲထွက်တယ် ဆိုတဲ့ အပြောမျိုး ထွက်လာတာ အင်မတန် ၀မ်းနည်းဖို့ကောင်းတယ်။

      "...ချင်းတောင်က ဘာမှ မထွက်ဘူး၊ စစ်သားပဲထွက်တယ် တဲ့၊ ဟုတ်တယ်လေ၊ စစ်သားထွက်တယ်၊ ဗမာပြည်ကြီးကို လွတ်လပ်ရေး မဆုံးရှုံးသွားအောင် ကာကွယ်ပေးတာ ချင်းတွေပဲ။ ဒါကိုတောင် ကျေးဇူး မသိတတ်ဘဲနဲ့ ချင်းလူမျိုးတွေကို နှိမ်တဲ့အနေနဲ့ ချင်းပြည်နယ်ကနေ စစ်သားပဲထွက်တယ် ဆိုတဲ့ အပြောမျိုး...."

      ဧရာဝတီ -  စောစောက ပြောတဲ့ လမ်းကောင်းရမယ် ဆိုတော့ လမ်းကောင်းရင် ဘာလုပ်မလဲ။
      ဦးခွန်လိန်း  -  လမ်းကောင်း၊ ဆက်သွယ်ရေးကောင်းလာရင် ကျန်တဲ့ဟာတွေက အလိုလိုဖြစ်လာမယ်လေ။ ကျနော်တို့ဆီမှာ သူ့ဒေသနဲ့သူ စိုက်နိုင်တာတွေ အများကြီးရှိတယ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ရခါးသီး ... .အသီးအနှံတွေအားလုံး အကုန်ဖြစ်တယ်၊ အဲဒါတွေကို ပို့ဖို့ လမ်း မရှိဘူး။

      ကျနော်မွေးတဲ့ရွာမှာ ဆိုရင် သစ်တော်သီးက အလျှံအပယ်ပဲ၊ ဒါပေမယ့် ရောင်းဖို့နေရာ၊ ဈေးကွက် မရှိဘူး။ ဒီတော့ သစ်တော်သီးက အလိုလို ကြွေကျသွားတယ်၊ လူမပြောနဲ့ ၀က်တောင် မစားဘူး၊ အဲဒီလိုအခြေအနေ ရှိတယ်။ နည်းပညာလည်း ကျနော်တို့မှာ မသိတဲ့အတွက်ကြောင့်၊ ကျနော်တို့လည်း မစားချင်တော့ဘူး ဆိုတော့ ဒီအပင်တွေက အသုံးမကျတဲ့အပင်တွေ ဖြစ်သွားတယ်။

      ချင်းပြည်နယ်မှာ သူ့မြေနဲ့ကိုက်တဲ့ လိုက်တဲ့  အသီးအနှံအမျိုးမျိုး စိုက်မယ် ဆိုရင် .... ဥပမာ စပျစ် အရမ်းဖြစ်တယ်၊  ကျန်တာတွေလည်း ဖြစ်နိုင်တာတွေ အများကြီးရှိတယ်။

      ဒေသနဲ့ကိုက်တာကို အစိုးရက စိုက်ခွင့်ပေးမယ် ဆိုရင် ဒီဒေသ မတိုးတက်စရာအကြောင်း မရှိဘူး။ ကားလမ်း ရှိမယ် ဆိုရင် ထွက်ကုန်တွေကို အလွယ်တကူနဲ့ ဈေးကွက်ရှိတဲ့နေရာကို ပို့လို့် ရတယ်။

      မွေးမြူရေးအနေနဲ့က နွားနောက် မွေးကြတယ်။ နွားနောက် ဆိုတာ ချင်းပြည်နယ်မှာပဲ ရှိတယ်။ သို့သော်လည်း နွားနောက်က စားကျက်မြေ လိုတယ်၊ ၀မ်းစာကို ရွှေ့ပြောင်းတောင်ယာကရအောင် စိုက်ပျိုးရတဲ့အတွက် စားကျက်မြေက မရှိဘူး။ စားကျက်မြေရှိအောင် လုပ်ဖို့ ဆိုတာက  ၀မ်းစာမဖူလုံနိုင်တဲ့အသီးအနှံတွေ စိုက်ပျိုးတာကို ရပ်ပြီးတော့ အစားထိုးရမယ်။ နွားနောက်တွေ မွေးနိုင်အောင် စားကျက်မြေတွေ အများကြီး ဖန်တီးရမယ်။ တောင်ယာတွေ မလုပ်တော့ဘဲ ထားပြီးတော့ နေ့စဉ်စားသုံးတဲ့ ဆန်စပါး ထွက်တဲ့ဒေသ၊ ဥပမာ ကဘော်ချိုင့်ဝှမ်းကနေ တင်သွင်းခွင့်၊ အဲဒီကနေ ၀ယ်ယူရမယ်။ အဲဒီလို ၀ယ်ဖို့ အစိုးရက ကူညီဖို့ လိုတယ်။  အနည်းဆုံး ၃ နှစ် လိုတယ်။ စီမံကိန်းတခုက တနှစ်လောက်နဲ့ ဘယ်တော့မှ အကောင်အထည် မဖော်နိုင်ဘူး။

      ဧရာဝတီ - 
      လွှတ်တော်မှာ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးတဲ့အခါ ဘယ်လောက်အထိ အလေးထားကြလဲ။
      ဦးခွန်လိန်း  -  ကျနော်တို့ ဆွေးနွေးတဲ့အခါ အဲဒီကိစ္စက ဘယ်လိုဖြစ်သလဲ ဆိုရင် အဖြေပေးတဲ့သူက ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တယ်၊ ပြည်ထောင်စုဝန်ကြီး ဆိုတာ နယက (ယခင်စစ်အစိုးရ) လက်ကျန်တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ဖြေတဲ့အဖြေ အားလုံးသည် ကျနော်တို့မေးတဲ့မေးခွန်း၊ ကျနော်တို့ရဲ့ ဆန္ဒနဲ့ ဘယ်တော့မှ ကိုက်ညီမှု မရှိပါဘူး။ သူ့စာရင်းဇယားနဲ့ သူလုပ်ခဲ့တာတွေကို ဖြီးဖြန်းပြီးတော့ ဖြေတာပဲ ရှိတယ်၊ တကယ့် စေတနာနဲ့ ဒီနေရာတွေကို ဒီလိုဒီလို အကောင်အထည် ဖော်နေတာပါ၊ ဒီလိုနေရာတွေမှာ ဒီလို လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ် ဆိုတဲ့ အဖြေမျိုး တခါမှ မရသေးဘူး။ သို့သော်လည်း   လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာတော့ ကျနော်တို့လိုချင်တဲ့အဖြေတွေ ရကောင်းရနိုင်မယ်လို့ မျှော်လင့်တယ်။

      ဧရာဝတီ -  ချင်းပြည်နယ်မှာ ဘာအပြောင်းအလဲ ရှိလဲ။
      ဦးခွန်လိန်း  - အခုလောလောဆယ် ဘာမှ ပြောင်းလဲမှု မရှိဘူး။ ဒီနှစ်မှာ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် သန်းသုံးထောင်လောက် ပေးတယ်၊ တမြို့နယ်ကို သိန်းနှစ်ထောင်လောက် ရတယ်ပေါ့။ အဲဒါကလည်း သိတဲ့အတိုင်း ဟိုရွာမှာ ဘယ်လောက်လိုတယ် ဆိုပြီး သူတို့လိုချင်တဲ့လူပဲ ဝေပြီး မရတဲ့ရွာတွေလည်း အများကြီး။ မရဘဲ ကျန်ခဲ့တဲ့ ရွာတွေ အများကြီး။ ချင်းပြည်နယ်အစိုးရက ပြည်ခိုင်ဖြိုးအစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်ခိုင်ဖြိုးအားသန်တဲ့ကျေးရွာတွေလောက်ပဲ အခုလောလောဆယ်အနေနဲ့ အထောက်အပံ့ ရသေးတယ်။ ချင်းတိုးတက်ရေးပါတီ အနိုင်ရတဲ့နေရာတွေမှာ လုံးဝ မပေးသေးဘူး။ အဲဒီလို ခွဲခြားဆက်ဆံရေးလည်း ရှိတယ်။ ဒါတွေကလည်း ချင်းပြည်နယ်တိုးတက်ရေးကို အဟန့်အတား ဖြစ်တယ်။


      ဧရာဝတီ - 
      ဘယ်ဒေသတွေမှာ ဖြစ်နေတာလဲ။
      ဦးခွန်လိန်း  - ချင်းပြည်နယ်မှာ ၉ မြို့နယ် ရှိတယ်၊ ၀င်ပြိုင်တဲ့ပါတီတွေက ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ။ လေးပါတီပြိုင်တယ်။ ချင်းအမျိုးသားပါတီက ၂ မြို့နယ်မှာ အကုန်နိုင်တယ်၊ ချင်းတိုးတက်ရေးပါတီက ၂ မြို့နယ်မှာ အကုန်နိုင်တယ်၊ ကျန်တဲ့ ၅ မြို့နယ်က ပြည်ခိုင်ဖြိုးက အကုန်နိုင်တယ်။ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ။ ဖလမ်း CPP, ဟားခါး CNP (ချင်းအမျိုးသားပါတီ), ထန်တလန် CNP, ပလက်ဝ CPP, ၄ မြို့နယ်ပဲ တိုင်းရင်းသားပါတီက ရတယ်။ ဒီနေရာတွေမှာ  (၄ မြို့နယ်မှာ)  အကူအညီကိုတော့ သူတို့ကို မဲများများထည့်ခဲ့တဲ့ ကျေးရွာတွေကို ကွက်ပြီးတော့၊ ရွေးပြီးတော့ ပေးနေတယ်။ အဲဒါမျိုးတွေ ရှိတယ်။

      ဧရာဝတီ -  ချင်းက ပင်လုံစာချုပ်ချုပ်ရာမှာ ပါခဲ့တယ် မဟုတ်လား။
      ဦးခွန်လိန်း  - ပါတယ်။ ပင်လုံ ဆိုတာက တကယ်တော့ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်ကနေ စည်းရုံးရေးလုပ်ခဲ့တဲ့နေရာပေါ့ဗျာ။ တခြားတိုင်းရင်းသားတော့ မပြောလိုဘူး၊ ချင်းက ဘယ်တုန်းကမှ ဗမာတွေရဲ့ လက်အောက်မှာ မနေဖူးဘူး၊ ဗမာလူမျိုးနဲ့လည်း အဆက်အဆံ မရှိဘူး၊  ကျနော်တို့ဟာ ဘယ်သူမှ မလာချင်တဲ့ တောင်ပေါ်မှာ တသီးပုဂ္ဂလ နေလာတဲ့လူမျိုး ဖြစ်တယ်။ 

      အင်္ဂလိပ်ဝင်လာတဲ့အခါမှာ တောင်တန်းဒေသကို အုပ်ချုပ်မှု လွယ်ကူအောင် မြောက်ပိုင်းကို စစ်ကိုင်းကနေ အုပ်ချုပ်တယ်၊ တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်၊ မတူပီကို ပခုက္ကူကနေ အုပ်ချုပ်တယ်၊ ဟိုဘက်တောင်းပိုင်း ပလက်ဝ နယ်မြေကို စစ်တွေကနေ အုပ်ချုပ်တယ်။
      လွတ်လပ်ရေး ရဖို့ အဲဒီချင်းတောင်တန်းတခုလုံးကို ဗိုလ်ချုပ်က စပြီးတော့ စည်းရုံးတာ။ ချင်းတွေ အားလုံး စုစည်းတာ အဲဒီအချိန်ကပဲ။ ပင်လုံမှာ စုစည်းတယ် ခေါ်ရမှာပေါ့။ မြောက်ပိုင်းမှာ ၅ မြို့နယ်၊ တောင်ပိုင်းမှာ ၄ မြို့နယ်။ အဲဒီ ၉ မြို့နယ်ကို ပင်လုံမှာ စုစည်းထားလိုက်တယ်။ ချင်းဝိသေသတိုင်း ဆိုတာ ဖြစ်လာတယ်။ အဲဒီကနေ ဆိုရှယ်လစ်ခေတ်ဦးမှာ ဦးနေ၀င်းခေတ်မှာ ပြည်နယ်နဲ့တိုင်း လုပ်လိုက်တယ်လေ။ မလိုချင်လည်း ပြည်နယ် အနေနဲ့ သတ်မှတ်ခံရတဲ့အနေအထား။

      ဧရာဝတီ -  ပင်လုံလိုမျိုး ညီလာခံက ထပ်ဖြစ်လာဖို့ အလားအလာ ရှိလား။
      ဦးခွန်လိန်း  - အခု ပင်လုံလား။ ဒါက သမ္မတကြီးလည်း ပြောနေတာပဲ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့  အစည်းအဝေးကြီး ဖြစ်အောင် လုပ်မယ်။ အခြေခံဥပဒေ ရေးဆွဲတဲ့ ညောင်နှစ်ပင် အစည်းအဝေးကြီးကလည်း တိုင်းရင်းသားပေါင်းစုံပါတယ်လို့ သူတို့ ပြောတယ် မဟုတ်လား၊ သို့သော်လည်း ပါဝင်တဲ့ တိုင်းရင်းသားပေါင်းစုံက တကယ့် တိုင်းရင်းသားတွေရဲ့ကိုယ်စားလှယ် မဟုတ်ဘူး။ ကိုယ်စားမပြုနိုင်ဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေးအသင်း/ပါတီ) သို့မဟုတ် အေးချမ်းသာယာရေးကောင်စီ (ယခင် စစ်အစိုးရ) ကို ကိုယ်စားပြုတဲ့ ချင်း၊ ကချင်၊ ကရင် ... ဒါပဲဖြစ်တယ်။ တကယ် လူမျိုးကို ကိုယ်စားမပြုနိုင်ဘူး၊ အဲဒီလို ကျနော်တို့ မြင်တယ်။ ဒါကြောင့် အခု (ပင်လုံညီလာခံကို) လုပ်မယ် ဆိုရင်လည်း အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ လူထုကိုယ်စားလှယ်အစစ်တွေနဲ့ ပြုလုပ်မယ်ဆိုရင် အဲဒီမှာ အဖြေတခုခုတော့ ရမယ် လို့ မျှော်လင့်တယ်။

      ဦးခွန်လိန်း နဲ့ အင်တာဗျူးဒုတိယပိုင်းကို မနက်ဖြန် ဆက်လက် ဖော်ပြပါမယ်။
      တွေ့ဆုံမေးမြန်းခဲ့တာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖြစ်ပါတယ်။

      ၂၀၁၀ ရွေးကောက်ပွဲကို စိုးရိမ်စိတ်နဲ့ဝင်ခဲ့တယ် ဆိုတဲ့ ဦးခွန်လိန်းက “ခ”  နှစ်ထပ်၊ ချင်းပြည်နယ်မှာ စစ်သားမထွက်တော့တာ ဘာကြောင့်လဲ စတာတွေအပြင် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို အင်တာဗျူးဒုတိယပိုင်းမှာ ပြောပြထားပါတယ်။
      Forwarded by

      Bo Kamno















      -



    • Cinpu (Will SOL)
      Message 2 of 2 , Feb 12, 2013

    Your message has been successfully submitted and would be delivered to recipients shortly.