Loading ...
Sorry, an error occurred while loading the content.
 

Series of dhamma talk in singapore by Htoo Gyi Sayadaw U EindarWudarBhivamsa (Mogok Vipassana)

Expand Messages
  • Kyaw Lwin
    If you cannot see the below message, please click on the following link http://www.dhammadownload.com/News-HtooGyi-SayaDaw-U-EindarWudarBhivamsa-May2010.htm
    Message 1 of 1 , May 18, 2010
      If you cannot see the below message, please click on the following link http://www.dhammadownload.com/News-HtooGyi-SayaDaw-U-EindarWudarBhivamsa-May2010.htm
       
      မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ
      မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏ နာယက


      ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ
       
      ဓမ္မမိတ်ဆွေအပေါင်းတို့........ 

      ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၉၆၂ခုနှစ်တွင် ခန္ဓာဝန်ချတော်မူခဲ့ပြီး၊ ဓါတ်တော်များ ကြွင်းကျန်ရစ်၍ ရဟန်းန္တာ အဖြစ် သာဓကရှိခဲ့သည်မှာ ယခု ဆိုလျှင် ၄၈နှစ်တာကာလသို့ ရောက်ရှိခဲ့ပါပြီ။

      မိုးကုတ်ဆရာတော်ဘုရားကြီးက `ငါမရှိတဲ့နောက်ပိုင်း ငါရဲ့တရားတွေပြန့်ပွားလိမ့်မယ်၊ ကြိုးစားပြီး အသံဖမ်းထားကြ` ဟု အမျှော်အမြင်ကြီးစွာ မိန့်ဆိုခဲ့မှုကြောင့် ထိုခေတ်အခါက ရနိုင်သမျှ technology ဖြင့် ၁၉၅၃ မှ ၁၉၆၂ထိ ဟောကြားခဲ့သော တရားတော်အပုဒ်ပေါင်း ထောင်ကျော်မက၏ အသံတော်များကို ဖမ်းယူနိုင်ခဲ့သဖြင့် ယခုအခါ ဆရာတော်ဘုရားကြီး၏ MP3 အသံတော်များကို ဓမ္မစေတီများအဖြစ် ယနေ့ခေတ် ဓမ္မမိတ်ဆွေများက ဆက်လက် လေ့လာ၊ နာယူ၊ မှတ်သား နေကြဆဲဖြစ်ပါသည်။

      ထူးကြီးဆရာတော်ကြီးကလည်း မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမမှု ဝိပဿနာ တရားကျင့်နည်းစနစ်များကို ထူးကဲစွာ လေ့လာခဲ့သည့်အလျောက် မိုးကုတ် ဆရာတော်ဘုရာကြီး၏ ဥပနိဿယခံအဖြစ် ချွင်းချက်မရှိ ခံယူခဲ့ပြီး မိုးကုတ် ဆရာတော်ဘုရားကြီး၏ လွန်ခဲ့သည့် ၄၈နှစ်တာကာလက သုံးစွဲခဲ့သည့် မြန်မာ့ရိုးရာ ဝေါဟာရနှင့် အသုံးအနှုန်းများကို ယခုခေတ်လူငယ်များနှင့် နီးစပ်နိုင်သမျှ နီးစပ်အောင် ကိုယ်ပိုင်အတွေ့အကြုံများနှင့် ပေါင်းစပ်၍ ထိမိပိုင်နိုင်စွာ ပြန်လည် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။

      မြတ်ဗုဒ္ဓ၏ အမွေအနှစ်၊ တရားတော်၏ အဆီအနှစ်ဖြစ်သော ဝိပဿနာတရားပွဲကို Singapore ရှိ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်း (Clementi Temple) မှ ကမကထပြုလျှက် အောက်ပါ အချိန်။ နေရာ အတိုင်း စီစဉ်ခဲ့ပါပြီ၊

       

      ဓမ္မမိတ်ဆွေ ..လူ..နတ်..ဗြဟ္မာ..သတ္တဝါ...အားလုံး... တရားပွဲကို ကြွရောက် နာကြားဖို့ ဖိတ်ခေါ်ပါရစေ.....

       

      တရားပွဲအစီအစဉ်များ


      ပထမနေ့ တရားပွဲ အစီအစဉ်


      နေ့ရက်- ၂၂ ရက် မေလ စနေနေ့ ( ည ၇ နာရီ မှ ၈:၃၀ နာရီဲ အထိ)
      နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)


      ဒုတိယနေ့ တရားပွဲ အစီအစဉ်


      နေ့ရက်- ၂၃ ရက် မေလ တနင်္ဂနွေနေ့ ( ည ၅ နာရီ မှ ၆:၃၀ နာရီ အထိ )
      နေရာ- Informatics Centre, Jurong East


      ၅ ရက်တရားစခန်းပွဲ အစီအစဉ်


      နေ့ရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ )
      အချိန်- နေ့လည် ၁:၀၀ နာရီ မှ ၆:၃၀ နာရီ အထိ
      နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)


      အထူး အစီအစဉ်များ
      ပဋ္ဌာန်းစုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
      နေ့ရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day)
      အချိန်- ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ
      နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)


      ဓမ္မစကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
      နေ့ရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ )
      နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

       

       

      တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်
      တရားပွဲများကို အောက်ပါ Website များမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

      1.
      http://www.lotusdhamma.blogspot.com

      2. http://www.apytz.net အဖြူရောင်သံစဉ်

      3. http://www.livedhamma.com



      ဆရာတော် အတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ကပ်လှူလိုသူများ နှင့် တရားပွဲဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းလိုသူများ အောက်ပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။

      ဆက်သွယ်ရန်-


      ဆရာတော် ဒေါက်တာဦးဝိစိတ္တ ( ဖုန်း - ၆၇၇၈၁၆၇၈)
      ဦးကြည်ထွန်းDavid (ဖုန်း -၉၁၇၆၁၉၆၄) + ဒေါက်တာဒေါ်လဲ့လဲ့မိုး (ဖုန်း- ၉၁၀၈ ၂၂၆၄ )
      ဒေါ်မူမူအေး (ဖုန်း- ၉၄၅၂ ၄၂၇၃)
      ကိုထွန်းအောင် ကျော် ( ဖုန်း- ၉၈၅၁ ၇၁၉) + မအေးနုခင် ( ဖုန်း- ၈၁၀၉ ၂၀၃၅ )
      မခင်လေးမွန် (ဖုန်း - ၉၀၀၆ ၇၀၁၀)
      မနှင်းရီလွင် (ဖုန်း - ၉၂၇၀ ၇၆၄၅ )
       

       

      JAYAMANGALA BUDDHIST VIHARA ( Clementi Temple )
      23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628
      Tel:(65) 6778-1678
      Mobile:(65) 8123-0769
      jayamangala.bv@...

      http://www.anantametta.org/

       

       

      ********************************************************************

      ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ
      ထေရုပ္ပတိ အကျဉ်းချုပ်

       

      ထူးကြီးဆရာတော် ဘဒ္ဒန္တက္ကန္ဒဝုဓာဘိဝံသ လောင်းလျာကို ၁၃၁၃ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့ (၁၁-၁၁-၁၉၅၁) တွင် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အစည်ကြေးရွာနေ ခမည်းတော်ဦးထွန်းမောင် နှင့် မယ်တော်ဒေါ်ခင်ရီတို့မှ မွေးဖွားသန့်စင်ခဲ့ပါသည်။ ဆရာတော်သည် မွေးချင်းခြောက်ယောက်အနက် ဒုတိယမြောက်သားဖြစ်ပြီး ငယ်နာမည်မှာ မောင်သီဟဖြစ်ပါသည်။
      ဆရာတော်သည် ဓနုဖြူမြို့ သဒ္ဓမ္မဇောတိကရာမ တောင်ပေါ်ကျောင်းတိုက် ဆရာတော်များ၊ ရန်ကုန် မြေနီကုန်း ဗားကရာတောရဆရာတော်၊ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်ဆရာတော်၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော်၊ မင်းကွန်းတိပိဋက နိကာယ ကျောင်းတိုက် တိပိဋကဆရာတော်များထံတွင် စာဝါ သင်ကြားခဲ့ပါသည်။
      ဆရာတော်သည် ပထမငယ်၊ ပထမလတ်( တစ်နိုင်လုံး ပထမ)၊ ပထမကျော်၊ ပထမကြီး၊ သာသနဓဇ ဓမ္မာစရိယ၊ စေတီယင်္ဂဏ ဓမ္မာစရိယ ဂဏ္ဍဝါစက အစရှိသည့် စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်ခဲ့ပါသည်။
      ဆရာတော်သည် ပြည်တွင်းသာမက အင်္ဂလန်နိုင်ငံ တွင် ၁.၁၂.၂၀၀၇ မှ ၂၆.၀၂.၁၀၀၈ အထိ၊နယူးတောက်မြို့တွင် ၂၄.၀၆.၂၀၀၈ မှ ၁၇.၁၀.၂၀၀၈ အထိ၊ ထိုင်းနိုင်ငံ အစ ရှိသည့် နိုင်ငံများတွင် တရားတော်များဟောကြားပို့ချပြီး သာသနာပြုလျက်ရှိပါသည်။
      ဆရာတော်သည် ယခုအခါ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏ နာယက အဖြစ်ဆောင်ရွက်ပြီး မိုးကုတ်ဝိပဿနာ ဇေတဝန်ကျောင်း၊ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ ( ၉၂ )၊ သမာဓိလမ်း၊ ထူးကြီးမြို့ တွင် သီတင်းသုံးနေထိုင်ရင်း သာသနာပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

      **************************************************************************

      ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ
      ဟောကြားတော်မူသောတရားတော်များ
       

      Dhamma Talk Audio

       


      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      အောင်ပန်းမြို့ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အဖွဲ့ခွဲ အမှတ် (၃၂၉)မှ ကျင်းပပြုလုပ်အပ်သော (၂၂)ကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၁၀)ရက်တရားစခန်းပွဲ ၌ ဟောကြားတော်မူသောတရားတော်များ
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ၁။ ၈-၆-၂၀၀၅ နံက် - ကမ္မဿကတဥာဏ်နှင့် သစ္စာနုလောမိကဥာဏ် တရားတော်
      ၂။ ၈-၆-၂၀၀၅ ညနေ - ရှေ့ရေးကိုမျှော်ပါ တရားတော်
      ၃။ ၉-၆-၂၀၀၅ နံက် - ကံတရား၏ ဆန်းကြယ်ပုံ တရားတော်
      ၄။ ၉-၆-၂၀၀၅ ညနေ - ကယ်သူဆယ်သူ တရားတော်
      ၅။ ၁၀-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) ဝဋ်မှာအမြဲ ငရဲမှာအပ တရားတော်
      ၆။ ၁၀-၆-၂၀၀၅ ညနေ - သစ္စာလေးပါး တရားတော်
      ၇။ ၁၁-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) သမင်မွေးရင်း ကျားစားရင်း တရားတော်
      ၈။ ၁၁-၆-၂၀၀၅ ညနေ - ရတနာစိန်ကျောက် ဇယ်တောက်ကြရအောင် တရားတော်
      ၉။ ၁၂-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) အမှောင်-၅စင်း အလင်း-၅ချက် (ကမ္မဿကတဥာဏ်မှာ ဖုံးထားသောအမှောင်) တရားတော်
      ၁၀။ ၁၂-၆-၂၀၀၅ ညနေ - သစ္စာလေးပါး တရားတော်
      ၁၁။ ၁၃-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) အမှောင်-၅စင်း အလင်း-၅ချက် အဆက် (နာမ်ရုပ်ပေါ်မှာဖုံးထားသောအမှောင် ပဉ္စက ဒါယကပုဏ္ဍားဥပမာပြ) တရားတော်
      ၁၂။ ၁၃-၆-၂၀၀၅ ညနေ - ကြွေးတင်ရင် မဂ္ဂင်နှင့်ဆပ် တရားတော်
      ၁၃။ ၁၄-၆-၂၀၀၅ နံက် (ပဋိစ္စသမုပ္ပါဒ် သင်တန်း) အမှောင်-၅စင်း အလင်း-၅ချက် အဆက် (ပဋိစ္စသမုပ္ပါဒ် ပေါ်မှာဖုံးထားသောအမှောင်) တရားတော်
      ၁၄။ ၁၄-၆-၂၀၀၅ ညနေ - အိုအောင်မင်းအောင်ပေါင်းကြပါစေ တရားတော်
      ၁၅။ ၁၅-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) အမှောင်-၅စင်း အလင်း-၅ချက် အဆက် (လက္ခဏဥာဏ်မှာဖုံးထားသောအမှောင်) တရားတော်
      ၁၆။ ၁၅-၆-၂၀၀၅ ညနေ - အတွယ်အတာ အမှတ်(၁) တရားတော်
      ၁၇။ ၁၆-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) အမှောင်-၅စင်း အလင်း-၅ချက် အဆက် (သစ္စဥာဏ်မှာဖုံးထားသောအမှောင်) တရားတော်
      ၁၈။ ၁၆-၆-၂၀၀၅ ညနေ - အတွယ်အတာ အမှတ်(၂) တရားတော်
      ၁၉။ ၁၇-၆-၂၀၀၅ နံက် - (ပဋိစ္စသမုပ္ပါဒ် သင်တန်း) လောင်စာသိမ်း မီးငြိမ်း တရားတော်
      ၂၀။ ၁၇-၆-၂၀၀၅ ညနေ - ၆ အိမ်တန်းရွာ တရားတော်

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ချုပ်ကြီး၌ (၁၀)ရက်တရားစခန်းပွဲတွင် ဟောကြားတော်မူသောတရားတော်များ
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ၂၁။ ၂၀-၁၁-၂၀၀၅ နံက် - အနု၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် တရားတော် (၁)
      ၂၂။ ၂၀-၁၁-၂၀၀၅ ညနေ - လာခြင်းကောင်း၍ ပြန်ခြင်းကောင်းပါစေ တရားတော်
      ၂၃။ ၂၁-၁၁-၂၀၀၅ နံက် - အနု၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် တရားတော် (၂)
      ၂၄။ ၂၁-၁၁-၂၀၀၅ ညနေ - ခုရှု ခုငြိမ်း တရားတော်
      ၂၅။ ၂၂-၁၁-၂၀၀၅ နံက် - ၀ဋ်မှာအမြဲ ငရဲမှာအပ တရားတော်
      ၂၆။ ၂၂-၁၁-၂၀၀၅ ညနေ - စိတ်၏ဆန်ကြယ်ပုံ တရားတော်
      ၂၇။ ၂၃-၁၁-၂၀၀၅ နံက် - သမင်မွေးရင်း ကျားစားရင်း တရားတော်
      ၂၈။ ၂၃-၁၁-၂၀၀၅ ညနေ - အနတ္တမျက်လုံး တရားတော်
      ၂၉။ ၂၄-၁၁-၂၀၀၅ နံက် - သတ္တိနှင့် ဗျတ္တိ တရားတော်
      ၃၀။ ၂၄-၁၁-၂၀၀၅ ညနေ - ကြွေးတင်ရင် မဂ္ဂင်နဲ့ဆပ် တရားတော်
      ၃၁။ ၂၅-၁၁-၂၀၀၅ နံက် - ဘ၀ရေစက်နှင် ဓမ္မစက် တရားတော်
      ၃၂။ ၂၅-၁၁-၂၀၀၅ ညနေ - ရတနာစိန်ကျောက် ဇယ်တောက်တန်း ကစား ရအောင် တရားတော်
      ၃၃။ ၂၆-၁၁-၂၀၀၅ နံက် - ခန္ဓာအစဉ် ဥာဏ်ဝင်ဖြတ်ပုံ တရားတော်
      ၃၄။ ၂၆-၁၁-၂၀၀၅ ညနေ - တေလပတ္တဇာတ် တရားတော် (၁)
      ၃၅။ ၂၇-၁၁-၂၀၀၅ နံက် - အနာထပိဏ္ဍိကောဝါဒသုတ် တရားတော်
      ၃၆။ ၂၇-၁၁-၂၀၀၅ ညနေ - တေလပတ္တဇာတ် တရားတော် (၂)
      ၃၇။ ၂၈-၁၁-၂၀၀၅ နံက် - ၀က္ကလိမထေရ်ဝတ္ထု တရားတော်
      ၃၈။ ၂၈-၁၁-၂၀၀၅ ညနေ - တေလပတ္တဇာတ် တရားတော် (၃)
      ၃၉။ ၂၉-၁၁-၂၀၀၅ နံက် - လမ်ဆုံးလျှင်ရွာတွေ့ တရားတော် (၁)
      ၄၀။ ၂၉-၁၁-၂၀၀၅ ညနေ - သစ္စဥာဏ်မှာ ဦးခိုက်ခြင်း တရားတော်

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ချုပ်ကြီး၌ (၅)ရက်တရားစခန်းပွဲတွင် ဟောကြားတော်မူသောတရားတော်များ
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ၄၁။ ၇-၉-၂၀၀၆ - မိုးကုတ်လမ်းစဉ် ရှေ့ကဖြစ်ပျက်၊နောက်က မဂ်၊ ယောနိသော မနသိကာရ နဲ့ ပညာနဲ့ အတူတူပါဘဲ အဆိုကို ရှင်းလင်းခြင်း။
      ၄၂။ ၇-၉-၂၀၀၆ - ဘဝကြီး (၉)မျိုး၊ဘဝနှင့် ခန္ဓာ၊ဘဝဒုက္ခ၊ခန္ဓာ ဒုက္ခ၊လောကီနယ်မြေ၊လောကုတ္တရာနယ်မြေ၊
      ၄၃။ ၈-၉-၂၀၀၆ - သံဃာတော်များ အတွက် ပဋိစ္စ သမုပ္ပါဒ် တရားတော်။ (၁)မိုးကုတ်လမ်းစဉ် မှာဘုရားကွယ် နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဖြေရှင်း၊ (၂)မိုးကုတ်လမ်းစဉ် သည် ဥာဏ်စဉ်ပယ်တဲ့ လမ်းစဉ် စွပ်စွဲချက်ကို ဖြေရှင်း၊ (၃) မိုးကုတ်ဝါဒ ကိုအဓမ္မ ဝါဒလို့စွပ်စွဲချက်ကို ဖြေရှင်း၊"
      ၄၄။ ၈-၉-၂၀၀၆ - တဏှာထက် ဒိဋ္ဌိက ပိုကြောက်ဖို့ကောင်းပုံ။တဏှုာနယ်မြေ၊ သဒ္ဒါနယ်မြေ၊ သံဝေဂနယ်မြေ၊ သမာဓိနယ်မြေ၊ပညာနယ်မြေ။ ခန္ဓာ နိရောဓေါ နိဗ္ဗာန်။
      ၄၅။ ၉-၉-၂၀၀၆ - သံဃာတော်များအတွက် တရားထိုင် နည်းသင်တန်း တရားတော်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်သွား လမ်းပြမြေပုံ
      ၄၆။ ၉-၉-၂၀၀၆ - သစ္စာလေးပါး သင်တန်းတရားတော်။ နယ်မြေငါးခုကို အကျယ်ရှင်းပြ။ မိုးကုတ်လမ်းစဉ် သည် ဥာဏ်စဉ်ပယ် ဝါဒဟု စွပ်စွဲချက်အား ဖြေရှင်း၊
      ၄၇။ ၁၀-၉-၂၀၀၆ - သံဃာတော်များအတွက် တရားထိုင်နည်းတရားတော်။ ရှုကွင်း၊ရှုကွက်-ရှင်းပြပုံ။ စရိုက်လေးမျိုးရှင်းပြသည်။
      ၄၈။ ၁၀-၉-၂၀၀၆ - သစ္စာလေးပါး နှင့် ယှဉ်သော ဥပါနိသယများ။ နယ်မြေလေးခု နှင့် ဒိဋ္ဌိဖြုတ်။
      ၄၉။ ၁၁-၉-၂၀၀၆ - သစ္စာ (၄) ပါးတရား။
      ၅၀။ ၁၁-၉-၂၀၀၆ - ဘောစဉ်(၇)ပါးတရားကိုဖယ်ထားခြင်းဖြင့်၊ ဣနြေ္ဒ (၆)ပါးမစောင့်စည်းဘဲ အားလုံးကို မစွန့်လွှတ်ဘဲ သတ္တဝါများချမ်းသာရာကိုမမြင်ဟု သုဗြဟ္မာနတ်သားကိုဟောသော သုတ္တန်တရား ဥပမာပြ

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ချုပ်ကြီး၌ (၅)ရက်တရားစခန်းပွဲတွင် ဟောကြားတော်မူသောတရားတော်များ
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ၅၁။ ၂၂-၉-၂၀၀၆ - သံဃာတော်များအတွက် အလုပ်ပေးသင်တန်းတရားတော်။ အဓိကအလုပ်က မဂ်ရဖို့
      ၅၂။ ၂၂-၉-၂၀၀၆ - သစ္စာ (၄) ပါးတရား။ အားကြီးဝိပဿနာ၊အားသေးဝိပဿနာ ကိုရှင်း။
      ၅၃။ ၂၃-၉-၂၀၀၆ - အလုပ်ပေးတရားကျင့်စဉ် ညာတပရိဥာ သင်ပေးရတာ၊ (ဖြစ်)ကို သိဖို့ ၊ဓမ္မကထိကများ ၏ အဓိကတာဝန် ။သင်တန်းတရားဘာသာရပ်။
      ၅၄။ ၂၃-၉-၂၀၀၆ - သစ္စာလေးပါးတရားတော် (သင်တန်း) “ဖြစ်ပျက်သမျှ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်” ကဗျာအားရှင်းတမ်း
      ၅၅။ ၂၄-၉-၂၀၀၆ - မဂ်ဥာဏ်၊ဖိုဥာဏ် ရနိုင်ခြင်းရှိ၊မရှိ မိမိကိုယ်ကို စစ်ဆေးခြင်း။
      ၅၆။ ၂၄-၉-၂၀၀၆ - သစ္စာသိပြီးမှ လှူပါ။ နယ်မြေ(၅)ခု။ တဏှာနယ်မြေထဲမှာ နေလို့တဏှာနယ်မြေ အုပ်ချုပ်သူ အလိုကျ လှူတာတောင် “ငါ့အလှူ” ဒိဋ္ဌိတဏှာ ဦးစီးအလှူ လှူပုံကို ရှင်းပြ။
      ၅၇။ ၂၅-၉-၂၀၀၆ - စိတ္တနုပဿနာ သင်တန်းပေးတရား။ ငါသည်မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည် စိတ္တနုပဿနာ သင်တန်းပေးတရား။
      ၅၈။ ၂၅-၉-၂၀၀၆ - သမ္မာဒိဋ္ဌိ (၅) မျိုးတရားတော်။
      ၅၉။ ၂၆-၉-၂၀၀၆ - ပါရမီဆုကြီးပန် ( မဂ်ဥာဏ် ဖိုဥာဏ် နိဗ္ဗာန်သို့ လျှင်မြန်စွာ ရောက်ရပါလို၏) ဟူသောဆုတောင်းကိုရှင်းပြ။ ဣနြေ္ဒ ညှိနည်း။ အနိစ္စ၊ဒုက္ခ၊အနတ္တ ကို လက္ခဏာထင်အောင်ရှုနည်း။
      ၆၀။ ၂၆-၉-၂၀၀၆ - သစ္စာ(၄)ပါးသင်တန်းတရား။ ဝိပဿနာတစ်ချက်ရှုတိုင်း ကိလေသာပါးပါးသွားရင်း အပ္ပါယ်တံခါးပိတ်ပုံ။

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ချုပ်ကြီး၌ (၁၀)ရက်တရားစခန်းပွဲတွင် ဟောကြားတော်မူသောတရားတော်များ
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ၆၁။ ၁၉-၁၀-၂၀၀၆ ညနေ - (၆) ဋ္ဌာနတရားတော်
      ၆၂။ ၂၀-၁၀-၂၀၀၆ နံက် - ပဋိစ္စသမုပ္ပါဒ် နှင့် ပဋ္ဌာန်းတရားတော်။ ခန္ဓာ့ဖြစ်စဉ်ကြီးအရှိန်အဟုန်ကောင်းကောင်းနှင့် အဆက်မပြတ်လည်နေပုံ။
      ၆၃။ ၂၀-၁၀-၂၀၀၆ နေ့လည် - အပ္ပမာဒေန သမ္မာဒေထ။ မြတ်စွာဘုရား၏ ပထမဆုံးစကားနှင့် နောက်ဆုံးစကား၊
      ၆၄။ ၂၀-၁၀-၂၀၀၆ ည - ပဋိစ္စသမုပ္ပါဒ်ခြေခံထပ်ဆင့်ရှင်းတရားတော်
      ၆၅။ ၂၁-၁၀-၂၀၀၆ နံက် - ပညတ်ခန္ဓာနှင့် ပရမတ်ခန္ဓာ၊သံသရာအဆက်ဆက်မှ ပစ္စယသတ္တိများအကြောင်း။
      ၆၆။ ၂၁-၁၀-၂၀၀၆ နေ့လည် - ဒုက္ခသစ္စာတရားတော်၊ ငရဲကြီးရှစ်ထပ်တရားတော်(၁)
      ၆၇။ ၂၁-၁၀-၂၀၀၆ ည - ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ပဋိစ္စ သမုပ္ပါဒ်၊အရူခံ၊ အရူဥာဏ်ကို အကျယ်ရှင်းပြ
      ၆၈။ ၂၂-၁၀-၂၀၀၆ နံက် - ပစ္စယသတ္တိ စွမ်းအားဖြင့် ဝဋ် (၃) ပါးလည်ပုံ။ ဘဝနှင့်ခန္ဓာ မှာ ခန္ဓာက အဓိကကျ။ (ဘဝသံသရာ)ဓမ္မသဘောကိုမြင်အောင်ကြည်.
      ၆၉။ ၂၂-၁၀-၂၀၀၆ နေ့လည် - ငရဲကြီးရှစ်ထပ်တရားတော်(၂)
      ၇၀။ ၂၂-၁၀-၂၀၀၆ ည - အရိယာ (၄) ဦးအတွက် ပဋိလောမ၊ ပုထုဇဉ်(၄)ဦးအတွက် အနုလောမ ၊မိမိတို့သည် ပုထုဇဉ်မို့အင်္ဂါ(၁၂)ပါးဖြင့်လည်နေ။
      ၇၁။ ၂၃-၁၀-၂၀၀၆ နံက် - ချည်တိုင်ကျိုး၍ လည်ပတ်ပြတ်(ပဋိစ္စသမုပ္ပါဒ်+ပဋ္ဌာန်း)
      ၇၂။ ၂၃-၁၀-၂၀၀၆နေ့လည် - အနုဿယသဘောဖြင့် ကိန်းအောင်းနေသော အာသဝေါတရားများကုန်ခမ်းအောင်ကျင့်ကြံခြင်း။
      ၇၃။ ၂၃-၁၀-၂၀၀၆ ည -အင်္ဂါ(၁၂)ပါးအကျယ်ရှင်းပြ(ပဋိလောမ၊အနုလောမ လင်္ကာအကြောင်း။
      ၇၄။ ၂၄-၁၀-၂၀၀၆ နံက် - ဖဿဆူးတရားတော်၊ ဖဿကြောင့် ဘုရားအလောင်းတော် စစ်စစ်ကြီးပင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပုံ။ လူအများ သံဝေဂ ရစေရန် မိမိဖြစ်ခဲ့သော သိဝိဘုရင်ဘဝကိုပြန်ဟော။
      ၇၅။ ၂၄-၁၀-၂၀၀၆ နေ့လည် - ယထာဘူတဥာဏ်တရားတော်။
      ၇၆။ ၂၄-၁၀-၂၀၀၆ ည - စိတ္တာနုပဿနာသတိပဋ္ဌာန်ရှုနည်း။သတိပဋ္ဌာန်(၄)မျိုးအကျယ်ရှင်းပြ။
      ၇၇။ ၂၅-၁၀-၂၀၀၆ နံက် - စိတ္တနုပဿနာရှုမှတ်ပွားနည်း။
      ၇၈။ ၂၅-၁၀၂-၀၀၆ နေ့လည် - ဝိပ္ပလ္လာသ(၁၂)ပါးတရားတော်
      ၇၉။ ၂၅-၁၀-၂၀၀၆ ည - တရားရှုမှတ်ပုံသင်ကြားခြင်း(၁)။
      ၈၀။ ၂၆-၁၀-၂၀၀၆ နံက် - သုခဝေဒနာကို မရှုဘဲပဋိစ္စသမုပ္ပါဒ်ကိုမရပ်နိုင်။ ဆ-စက္ကသုတ္တန်တရားတော်(၁)
      ၈၁။ ၂၆-၁၀-၂၀၀၆ နေ့လည် - အမှောင်ထဲကလူ
      ၈၂။ ၂၆-၁၀-၂၀၀၆ ည - တရားရှုမှတ်ပုံသင်ကြားခြင်း(၂)။
      ၈၃။ ၂၇-၁၀-၂၀၀၆ နံက် - ဆ-စက္ကသုတ္တန်တရားတော်(၂)
      ၈၄။ ၂၇-၁၀-၂၀၀၆ နေ့လည် - သစ္စာသိဖို့အရေးအကြီးဆုံးတရားတော်
      ၈၅။ ၂၇-၁၀-၂၀၀၆ ည - တရားပွဲပြီးဆုံး၊လှူဒါန်း၊သာဓုခေါ်၊အမျှဝေ။
      ၈၆။ ၂၈-၁၀-၂၀၀၆ နံက် - သံသရာခရီးသည်ကြီးထွက်ရပ်လမ်းတရားတော်။
      ၈၇။ ၂၈-၁၀-၂၀၀၆ နေ့လည် - လျင်သောအဆိပ်ရှိသောမြွေကြီးလေးကောင်။
      ၈၈။ ၂၉-၁၀-၂၀၀၆ နံက် - အနုလောမ-အစုန်လမ်း၊ ပဋိလောမ-အဆန်လမ်း-ထွက်ရပ်လမ်း၊

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      အမေရိကန်၊ နယူးယောက်မြို့၊ မိုးကုတ်ဝိပဿနာရိပ်သာ (၅) ရက်တရားစခန်းပွဲတွင် (July 31 to Aug 4, 2008) ၌ ဟောကြားတော်မူအပ်သော တရားတော်များ
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ၈၉။ ၂၆-၇-၂၀၀၈ မိတ်ဆက် (၁)
      ၉၀။ ၂၇-၇-၂၀၀၈ နေ့လည် - မိတ်ဆက် (၂)
      ၉၁။ ၂၈-၇-၂၀၀၈ ညနေ - လာခြင်းကောင်း၍ပြန်ခြင်းကောင်းသူ

      (Message over 64 KB, truncated)

    Your message has been successfully submitted and would be delivered to recipients shortly.